Wednesday 3 May 2023

ဘောလခဲမြို့တွင်း စစ်ကောင်စီတပ်နေရာယူထားသည့် ဌာနဆိုင်ရာရုံးနေရာများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်စီး


 ဘောလခဲမြို့တွင်း စစ်ကောင်စီတပ်နေရာယူထားသည့် ဌာနဆိုင်ရာရုံးနေရာများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်စီး

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *

ကရင်နီ (ကယား)ပြည်နယ်၊ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်နေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်းနှင့် ရုပ်သံလွှင့်ဌာနတို့ကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်အချို့ သိမ်းဆည်းရရှိသည်ဟု သိရသည်။ 


အဆိုပါနေရာများကို ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနကိပိုင်းတွင် ဝင်ရောက်စီးနင်းရာ ၂ နာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်မှု ထမ်းဟောင်းရုံးအား မီးရှို့ခဲ့ကြောင်း သိရသည်။


ယင်းနောက် လ.ဝ.က ရုံးအား ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီ၏ အမှတ် ၄၃၀ တပ်ရင်းမှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု သိရသည်။


စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖက်မှ (၇) ဦးသေပြီး (၂၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ မေလ (၂) ရက်တွင် ဒဏ်ရာရသူများအား ရဟတ်ယာဉ်ဖြင့်လာ‌ ရောက်ခေါ် ယူသွားသည်ဟု သိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ G4 ၁ လက်၊ AK 22 ၁ လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံအချို့တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကယားစစ်ဒေသ ဘောလခဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာ စစ်ကြောင်းတို့က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#TachileikNewsAgency

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...