Wednesday 31 May 2023

ဂန့်ဂေါမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


 ဂန့်ဂေါမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


ရန်ကုန်၊ မေ ၃၁


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနှင့် သာကောင်းကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ABSDF ကျောင်းသားတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၃၀ ရက် ညနေ ၄ နာရီခန့်တွင် ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ မှ အင်အား ၁၀၀ ခန့်ဖြင့် မင်းကံဦးကုန်းမှ တဆင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းသို့ ဆက်လက် စစ်ကြောင်းထိုး လာသည့် အကြမ်းဖက် စစ်တပ်ကို ဂန်ဂေါမြို့နယ် ကန်သာကျေးရွာနှင့် သာကောင်းကျေးရွာ အကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“လက်ရှိတော့ စကစ စစ်ကြောင်းက သူတို့ အထိုင်ချထားတဲ့ ဂန့်ဂေါမြို့နယ်၊ ကံကျေးရွာထဲမှာရှိတဲ့ ရဲစခန်းကို ရောက်ရှိသွားပြီဖြစ်ပါတယ်ဗျ” ဟု ABSDF စစ်ကြောင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို ABSDF စစ်ကြောင်း ၃ ၊ ယောဒေသရှိ ရဲဘော်များ၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁ တပ်ရင်း ၊ အမှတ် ၁၂ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်း ၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YPDF)နှင့် နယ်မြေ ပ.က.ဖ များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...