Wednesday 31 May 2023

NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး PDF များနှင့်တွေ့ဆုံ


NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပဲခူးတိုင်းရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး PDF များနှင့်တွေ့ဆုံ


ရန်ကုန်၊ 


NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ပဲခူး တိုင်းရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး ရှေ့တန်းတိုက်ပွဲဝင် PDF များနှင့်တွေ့ဆုံကြောင်း Royal Peacock Columnက သတင်းထုတ်ပြန်သည်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ပြည်သူ့ လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်က မေလ ဒုတိယအပတ်မှာ ပဲခူးတိုင်းရှိ Royal Peacock Column ရှေ့ထွက်စစ် ကြောင်း ၏ရှေ့တန်း စစ်မြေပြင်သို့ သွားရောက်ပြီး ရဲဘော်များကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 


ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အဖွဲ့သည် ပဲခူးတိုင်းအတွင်းရှိ ကျေး ရွာ များသို့သွားရောက်ပြီး ပြည်သူလူထုနှင့်တွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေနွေးခဲ့ကြကြောင်း၊ ခရီးစဉ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဦးစီး စောယှားဖောင်ဝှါး၊အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့အတူ လိုက် ပါခဲ့ ကြောင်း သိရှိရသည်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...