Saturday 6 May 2023

ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး


 ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး


ရန်ကုန်၊ မေ ၆

ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက မေလ ၅ ရက်နေ့ ညနေပိုင်း  ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ပါဝင်သွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

"DSA အပတ်စဉ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးသွားတာ မိသားစုဘက်ကလည်း အတည်ပြုတယ်။ စစ်တပ်ဘက်ကလည်း အတည်ပြုထားပါပြီ။ ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်း ဝင်စီးခံရမှုမှာ သေဆုံးတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီအချိန် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF မတူပီ တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦးသေဆုံးကြောင်း CDF- Matupi  တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတူပီ စစ်မဟာဗျူဟာ ဌာနချုပ်စခန်းကို  CDF-Matupi တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေး အဖြစ်  ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  CDF မတူပီတပ် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း  CDF- Matupi  တပ်ရင်း ၁ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်း တပ်သား ၁ ဦးကတော့ သေဆုံးပါတယ်။ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်" ဟု CDF- Matupi  တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။

ဓာတ်ပုံ- မတူပီ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် (DSA အပတ်စဉ် ၄၂ ) ။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...