Saturday, 6 May 2023
ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး
ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး
ရန်ကုန်၊ မေ ၆
ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက မေလ ၅ ရက်နေ့ ညနေပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ပါဝင်သွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
"DSA အပတ်စဉ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးသွားတာ မိသားစုဘက်ကလည်း အတည်ပြုတယ်။ စစ်တပ်ဘက်ကလည်း အတည်ပြုထားပါပြီ။ ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်း ဝင်စီးခံရမှုမှာ သေဆုံးတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ညနေ ၄ နာရီအချိန် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF မတူပီ တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦးသေဆုံးကြောင်း CDF- Matupi တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတူပီ စစ်မဟာဗျူဟာ ဌာနချုပ်စခန်းကို CDF-Matupi တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေး အဖြစ် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF မတူပီတပ် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း CDF- Matupi တပ်ရင်း ၁ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်း တပ်သား ၁ ဦးကတော့ သေဆုံးပါတယ်။ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်" ဟု CDF- Matupi တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
ဓာတ်ပုံ- မတူပီ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် (DSA အပတ်စဉ် ၄၂ ) ။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment