Friday 5 May 2023

ABSDF နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ


 ABSDF နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

+++++++++++++

မေ ၄ 


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စစ်ကြောင်း ၃ နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိတယ်လို့ ABSDF Column - 3 က သတင်းထုတ်ပြန်လာပါတယ်။ 


ABSDF ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း ၃ အနေနဲ့ လက်ရှိ တပ်ရင်း ၂ ရင်း ဖြစ်တဲ့ ယောဒေသမှာ ရှိတဲ့ အမှတ် ( ၁၂ ) တပ်ရင်းနဲ့ ချင်းတွင်းဒေသ တပ်ရင်းတို့၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ PDF တပ်ရင်းများ ၊ Local PDFများ ၊ ပ.က.ဖ များနဲ့ တွဲဖက်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 


ABSDF နဲ့ PDF တပ်များ ပူးပေါင်းပြီး မတ် ၃၁ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများနဲ့ ပူးပေါင်း စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ အင်အား ၄၅ ဦးခန့်သေဆုံးပြီး ၁၀ ဦးဒါဏ်ရာရခဲ့ကာ ရန်သူ့ လက်နက် G3 ၄ လက် ၊ G4 ၁လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


အလားတူ ဧပြီ ၃ရက်နေ့မှာ ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်း စစ်ကြောင်ထိုးလာတဲ့ အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဂန့်ဂေါခရိုင် PDFတပ်ရင်းများ ၊ Local PDF များ ၊ ပ.က.ဖများနဲ့ ပူးပေါင်းပြွး ဂန့်ဂေါမြို့ စိုင်ဒူးကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဧပြီ ၅ရက်နေ့မှာ ပုလဲမြို့နယ် ဇီဖြူကုန်းရွာကနေ ကန်းထောင့် ရဲစခန်းကို ထွက်ခွာလာတဲ့ စစ်တပ်နဲ့ ပျူစာထီးများကို ကန်းထောင့်ကျေးရွာ အနီး ABSDF ချင်းတွင်းဒေသနဲ့ ညီနောင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၇ ရက်နေ့မှာတော့ ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀ ) က ထွက်ခွာလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနဲ့ ဂန်ဂေါမြို့နယ် လာပို့ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...