Friday 26 May 2023

ငွေအသွင်းအထုတ်များပြားပြီး မသင်္ကာသော ကမ္ဘာဇဘဏ် K Pay အကောင့်များကို စစ်ကောင်စီက ပိတ်ပင်၊ ငွေကြေးဆုံးရှုံးသူများပြားသော်လည်း ဘဏ်က တာဝန်မယူဘဲ အထက်ခိုင်း၍ လုပ်သည်ဟုဆို


 ငွေအသွင်းအထုတ်များပြားပြီး မသင်္ကာသော ကမ္ဘာဇဘဏ် K Pay အကောင့်များကို စစ်ကောင်စီက ပိတ်ပင်၊ ငွေကြေးဆုံးရှုံးသူများပြားသော်လည်း ဘဏ်က တာဝန်မယူဘဲ အထက်ခိုင်း၍ လုပ်သည်ဟုဆို


ရန်ကုန်၊ မေ ၂၅ 


အကြမ်းဖက်စစ်ကောင်စီက ငွေအသွင်းအထုတ်များပြားပြီး မသင်္ကာသော ကမ္ဘာဇဘဏ် K Pay အကောင့်များကို ယခုရက်ပိုင်းအတွင်း ပိတ်ပင်နေကြောင်း K Pay သုံးစွဲသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မေလ ၂၄ ရက်နေ့မှစတင်၍ K Pay အကောင့် အတော်များများကို ကမ္ဘောဇဘဏ်က ပိတ်ပင်လာသဖြင့် ဆက်သွယ်မေးမြန်းရာ ဗဟိုဘဏ်က ပိတ်ပင်ခိုင်း၍ ပိတ်ပင်ရကြောင်း၊ K Pay အကောင့်များ ပြန်လည် ဖွင့်စေလိုပါက သက်ဆိုင်ရာ ဗဟိုဘဏ်ကို ဆက်သွယ်ဆောင်ရွက်ရန် ပြောဆိုလာကြောင်း K Pay သုံးစွဲသူများက ပြောဆိုသည်။ 


"ကျနော်အပါအဝင် မိတ်ဆွေ အတော်များများရဲ့ K payအကောင့်တွေအပိတ်ခံလိုက်ရတယ်။ K pay centerကလည်းတာဝန်ယူမှုမရှိဘူး။ ဖြေရှင်းမပေးဘူး။ လူအများစု အပိတ်ခံရတယ်။ K payထဲထည့်ထားတဲ့ငွေပမာဏတွေဆုံးရှုံးခဲ့ရတယ်။ ဘယ်လိုမှတာဝန်ယူမှုမရှိဘူး။ KBZ payလူအများအပြားအဲလိုဖြစ်နေတယ်" ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောသည်။ 


ကမ္ဘောဇဘဏ်က သုံးစွဲသူများကို ပြောဆိုရာတွင် K Pay အကောင့်များကို ပိတ်ပင်ခြင်းသည် ၎င်းတို့ လုပ်ဆောင် ခြင်း မဟုတ်ဘဲ ဗဟိုဘဏ်က ခိုင်းစေမှုကြောင့် လုပ်ဆောင်ရခြင်းဖြစ်၍ K Pay အကောင့်အတွင်းမှ ငွေများ ပြန်လည် ရယူလိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုအပ်ကြောင်း၊ အပိတ်ခံရသူများအနေဖြင့် သက်ဆိုင်ရာ ဗဟိုဘဏ်ကို သွားရောက် မေးမြန်း စုံစမ်းစေလိုကြောင်း၊ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိလျှင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။ 


သို့ရာတွင် K Pay သုံးစွဲသူများမှာ အကောင့်အပိတ်ခံရသည်နှင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြပြီး ငွေကြေးဆုံးရှုံးမှုလည်း များပြားကြောင်း သိရှိရသည။ 


"ကျနော်ရဲ့ K Pay အကောင့် နဲ့မုံရွာက မိတ်ဆွေ သူငယ်ချင်း ကုန်စည်ဒိုင် K Pay နှစ်ခုလုံး အပိတ်ခံရတယ်။ ဘဏ်ကို ဆက်သွယ်တော့လည်း အထက်ကပိတ်ခိုင်းတာလို့ပြောပါတယ်" ဟု မုံရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...