Friday 19 May 2023

KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ


 KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ်  စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ မေ ၁၉ 


KNU တပ်မဟာ ၃ စစ်ရေးနယ်မြေအတွင်း၌ ဒဏ်ရာရ အ ကြမ်း ဖက်စစ်သားများကို ကားဖြင့် သယ် ဆောင်နေစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း Royal Peacock Column ထံမှ သိရသည်။


ဧပြီလ ၂၂ ရက် နေ့လည် ၁၂ နာရီခန့်က စစ်ရေးနယ်မြေအ တွင်းသို့ ထိုးဖောက်ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ စစ်သားများကို အရပ် သားသုံး Like Truck ကားဖြင့် သယ်ဆောင်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးထိမှန်ပြီး တစ်ဦးထွက် ပြေး သွားကာ ယင်းကားပေါ်မှ MA 3 ၂ လက်၊ MA 4 ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၀၀ ခန့်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


စနိုက်ပါဖြင့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိကာ ထွက်ပြေးသွားသော အကြမ်း ဖက် စစ်သားကို လိုက်လံ ချေမှုန်းစဉ် နောက် ထပ် တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ကြောင်း Royal Peacock Column က ထုတ်ပြန်ထား သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...