Friday 19 May 2023

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ဖက်ဆစ်စစ်တပ်လက်အောက်ခံ မတရားရုံးမှ ထောင်ဒဏ် အနှစ်(၂၀) ထပ်မံချမှတ်၊ စုစုပေါင်း (၅၂) နှစ်ထိ ရှိလာ


မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ဖက်ဆစ်စစ်တပ်လက်အောက်ခံ မတရားရုံးမှ ထောင်ဒဏ် အနှစ်(၂၀) ထပ်မံချမှတ်၊ စုစုပေါင်း (၅၂) နှစ်ထိ ရှိလာ

=================================


မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖက်ဆစ် စစ်တပ် လက်အောက်ခံ မတရားရုံးမှ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် နောက်ထပ် ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်း သိရပါသည်။


ပုဒ်မ ၅၀၅-က ဖြင့် ငါးမှု - (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် အနှစ် (၂၀) မတရား ချမှတ်ထားရာ ယခု ပုဒ်မ ၁၂၂ ဖြင့် အနှစ် (၂၀) ဆိုလျှင် စုစုပေါင်း (၅၂) နှစ်ထိ ရှိလာပြီ ဖြစ်ပြီး မတရားစွပ်စွဲထားသည့် လူသတ်မှုမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။


"နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၂ ကို ဥပဒေ ရှုထောင့်အရ ဖြစ်စေ၊ နိုင်ငံရေး ရှုထောင့်အရ ဖြစ်စေ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ အမှန်တကယ် ဖောက်ဖျက်ကျူးလွန်သည်မှာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်များသာ ဖြစ်ပါသည်။"


ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါသည်။ 


တော်လှန်ရေးကာလအတွင်း ဖက်ဆစ်စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ တရားရုံးများ အပါအဝင် စစ်တပ်နှီးနွယ် အဖွဲ့အစည်းများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထု အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးအတွက် တရားမျှတမှု ဆောင်ကြဥ်းပေးနိုင်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးသည် အလွန်အရေးကြီးသည့် နိုင်ငံရေးလုပ်ငန်းစဥ်(ဝါ) အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်အဖြစ် ခိုင်ခိုင်မာမာ တည်ရှိနေရမည် ဖြစ်ပါသည်။


"ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေး အကျဥ်းသားအားလုံး ချက်ချင်းလွှတ်"


#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...