Friday 19 May 2023

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံ သင်တန်း အောင်မြင်စွာ ပြီးစီး


 အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံ သင်တန်း အောင်မြင်စွာ ပြီးစီး 


ရန်ကုန်၊ မေ ၁၉ 


KNU တပ်မဟာ ၆ နယ်မြေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စနိုက်ပါ အထူး လက်ဖြောင့် မွန်းမံသင်တန်းကို ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။


အထူးလက်ဖြောင့် မွန်းမံ သင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိ ထူးချွန် စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံ၊ ပုံစံမျိုးစုံကို အချိန်တစ်လ ကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပြီး တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


မွန်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...