Tuesday 2 May 2023

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး


ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး


ရန်ကုန်၊ မေ ၁ 


ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၂ ဦး သေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဧပြီလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန် -မန္တလေး အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့် ကညွတ်ကွင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အမှတ် ၂ စစ်ဒေသ၊ ပဲခူးတိုင်း၊ ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းတို့ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ချစ်မျိူးဝေ၊ ရဲဘော် ဘိုဘိုအောင် ၊ ရဲဘော်တင့်လွင် တို့ကျဆုံးခဲ့ကြောင်း သိရသည်။


ကျဆုံးရဲဘော် ၃ ဦးအား ဧပြီလ ၂၄ ရက်နံနက် ၁၀ နာရီက ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ရေစက်ချ တရားနာ အမျှဝေခြင်းလုပ်ဆောင်ခဲ့ကာ တိုင်းပြည်အတွက် တာဝန်ကျေးပွန်စွာထမ်းဆောင်ခဲ့သော ရဲ ဘော် ၃ ဦးအား ပြည်သူ့အာဇာနည် နိုင်ငံသူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဦးညွှတ်ပါကြောင်း ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။


တိုက်ပွဲကာလအတွင်း အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော အဖွဲ့အစည်းအားလုံးကို အထူးကျေး ဇူးတင်ရှိပါကြောင်းနှင့် တပ်ဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိပဲ မတရားဖမ်းဆီးခံရသော ပြည်သူများရှိပြီး တိုက်ပွဲ အသေးစိတ် အခြေအနေကို ထုတ်ပြန်ရန် မရှိသေးကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။ 

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...