Tuesday, 2 May 2023

KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို တင်မြှောက်


KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို တင်မြှောက် 


ရန်ကုန်၊ မေ ၂ 


ကရင့်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌ သစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ယ နေ့ တင်မြှောက်လိုက်ကြောင်း KNU နိုင်ငံခြားဆက်ဆံရေးဌာန၏ သတင်း နှင့်‌ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


"ဥက္ကဋ္ဌအသစ်က ပဒိုစောကွယ်ထူးဝင်းဖြစ်ပါတယ်။ အဲဒါကို အတည်ပြုပါ တယ်" ဟု KNU နိုင်ငံခြားဆက်ဆံရေးဌာန၏ သတင်းနှင့်‌ပြန်ကြား ရေးတာဝန်ခံက ပြောသည်။ 


ယခင်ရက်များကတည်းက KNU ဥက္ကဋ္ဌ သစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းအချိန်က မဲပေးမှုနှင့် မဲရေတွက်မှု မပြီးစီးခဲ့သဖြင့် အတည်မဖြစ်ခဲ့ကြောင်း သိရှိရသည်။ 


ပဒိုစောကွယ်ထူးဝင်းသည် KNU ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ရာမှ ယနေ့တွင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံ ရခြင်းလည်း ဖြစ်သည်။ 

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...