Tuesday 2 May 2023

ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို PDF က တိုက်ခိုက်


 ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို PDF က တိုက်ခိုက်

* * * * *

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံ ရင်းငြိမ်ပြည်သူ့စစ်တပ်ဖွဲ့ကို MON - S.O.F တပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လက်နက်အချို့ သိမ်းဆည်းရမိကြောင်း သိရသည်။


 အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်အပါအဝင် အချို့မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းနေအိမ်မှ M16 အမျိုးအစား သေနတ် ၁ လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင် ဖိုးချစ်သည် ပေါင်မြို့နယ်အတွင်း CDM နှင့် အပြစ်မဲ့လူငယ်များအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းနှင့် လောင်းကစားလုပ်ငန်းမျိုးစုံကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် MON - S.O.F က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။


#TachileikNewsAgency

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...