Tuesday 9 May 2023

ထီးလင်းထွေအုပ်ရုံးနှင့် ရဲစခန်း၊ ဆားတောင်ရဲစခန်းတို့ကို PDF များက တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


 ထီးလင်းထွေအုပ်ရုံးနှင့် ရဲစခန်း၊ ဆားတောင်ရဲစခန်းတို့ကို PDF များက တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး


ရန်ကုန်၊ မေ ၉ 


မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အား အများအ ပြားဖြင့် အထိုင်ချတပ်စွဲထားသော ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Myingyan District Drone Strike တပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) နှင့် YNRF ထီး လင်း တပ်ဖွဲ့တို့ပူပေါင်းကာ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။


အလားတူ ယနေ့ မေလ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်အချိန် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်း တောင် ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားနှင့် ရဲများ ထိခိုက် သေဆုံးမှုမသိရသေးဟု ဆိုသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ ထိခိုက်မှုရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၇ ရက် ည ၁၁ နာရီခွဲခန့် လမ်းသွားလမ်းလာမိဘပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသဖြင့် အဆို ပါ ဆားတောင်မြို့ပေါ်ရဲစခန်းအား ည mission အဖြစ် ဗုံးသီး၄ လုံးကျဲချ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ငယ်များဖြင့် အချက်များစွာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။


“ရဲစခန်းဝန်းထဲကို ကျပြီး ကွဲတယ်၊ ထိခိုက်မှုရှိတယ်လို့ သိရတယ်၊ အဲဒီရဲစခန်းက ဆေးရုံနဲ့ ကပ်လျက် ဆိုတော့ နားရေးကားတွေ၊ ဘာတွေလဲ ဝင်စရာမလိုဘူး၊ အဲဒါကြောင့် သတင်းတော့ မရဘူး” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြာားသည်။


ယင်းတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ ABCF၊ Phoenix Sgg ၊ Fight For Federal ၊ စစ်ကိုင်း မြို့နယ် ပကဖ ၊ လင်းယုန်နက် sgg နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၇ တပ်ခွဲ ၄ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...