Tuesday 9 May 2023

ကော့ကရိတ် ခလရ ၉၇ ကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးဟုဆို


 ကော့ကရိတ် ခလရ ၉၇ ကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးဟုဆို


ရန်ကုန်၊ မေ ၉ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ကို PDF တပ်ပေါင်းစုများက ယမန်နေ့ ဝင်ရောက်တိုက်ခိုက်ရာ စစ်အရာရှိ ၃ ဦး အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း Southern Eagleမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ ကို PDF တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ ယင်းသို့တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်း သိရှိရသည်။ 


"မနက်ပိုင်း ခလရ ၉၇ ကို PDF တပ်တွေက သွားပစ်တာ။ စစ်တပ်ဘက်က အထိနာပါတယ်။ သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ ထုတယ်။ ဒီဘက်က ပစ်ခတ်မှုကြောင့် စစ်အရာရှိ ၃ ဦး အပါအင် ၅ ဦးသေတယ်လို့ သတင်းရပါတယ်။ ဒုဗိုလ်မှူး ကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါဝင် ၅ ဦး ထိပြီး သေဆုံးတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကလည်း ၂ ဦး ဒဏ်ရာရပါတယ်" ဟု Southern Eagleမှ တာဝန်ရှိသူက ဆိုသည်။ 


ကော့ကရိတ် ခလရ ၉၇ ကို Southern Eagle ၊ Justice Soldier နှင့် ကျားဖြူတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်တွင် အင်အားများ တိုးချဲ့နေပြီး အင်အားများ ဖြန့်ချထားကြောင်း သိရှိရသည်။ 


" ကော့ကရိတ်ဘက်ကို စစ်တပ်ဘက်က အင်အားတိုးချဲ့ထားတယ်။ ကြာအင်းဘက် နဲ့မြို့အပြင်ဘက်က၊ တံတားကျိုးဘက်၊ အဲဒီဘက်တွေမှာ စစ်ခွေးတွေ အင်အားတိုးချဲ့စုနေကြတယ်" ဟု ဒေသကာကွယ်ရေး တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 


ဓာတ်ပုံ- စစ်ကောင်စီတပ်များ၏ အဝင်အ၀ ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခု။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...