Monday 8 May 2023

ထားဝယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မှ ဗိုလ်ကြီး မျိုးလင်းဦး ပစ်သတ်ခံရ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးခေါင်းဆောင်အိမ် ဗုံးပစ်ခံရမှု ထိခိုက်သူများပြားနိုင်


ထားဝယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မှ ဗိုလ်ကြီး မျိုးလင်းဦး ပစ်သတ်ခံရ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးခေါင်းဆောင်အိမ် ဗုံးပစ်ခံရမှု ထိခိုက်သူများပြားနိုင်


ရန်ကုန်၊ မေ ၈ 


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အမှတ် ၃၀၂ အမြောက်တပ်မျ ဗိုလ်ကြီး မျိုးလင်းဦး ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ထားဝယ်မြို့နယ်၊ ဇဟာရွာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်မှ အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ဗိုလ်ကြီးမျိုးလင်းဦးသည် တပ်ရင်းအနီးက ဇဟာရွာ ဖားအောက်တောရ အဝင်လမ်းတွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ကားများ၊ ဆိုင်ကယ်များကို ငွေတောင်းနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဗိုလ်ကြီးမျိုးလင်းဦးသည် ဖားအောက်အဝင်လမ်းတွင် ခရီးသည်တင်ကားများကို ငွေကြေး တောင်းခံလေ့ရှိကြောင်း၊ ပစ်သတ်ခံရမှုကို မည်သည့်အဖွဲ့က ပစ်သတ်သွားသည်ကို မသိရှိရသေးဘဲ စစ်တပ်က ဇဟာကျေးရွာအတွင်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အမှတ် ၃၀၂ အမြောက်တပ်သည် ထားဝယ်မြို့နှင့် ၆ မိုင်ခန့်သာအကွာအဝေးရှိကြောင်း သိရှိရသည်။ 


အလားတူ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် မြောက်ဥယျာဉ်ရပ်ကွက်တွင် ပျူစောထီးခေါင်းဆောင် စံရှား၏ တပည့် လက်ခွဲပျူခေါင်းဆောင် အောင်နိုင်ထွေးခေါ် နှုတ်ခမ်းမွှေး၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပထမ ဗုံးမှာ ပေါက်ကွဲခဲ့ပြီး ဒုတိယဗုံးမှာမူ ဆက်သွယ်ရေး ဖြတ်တောက်စက်များကြောင့် ဖောက်ခွဲမရ ဖြစ်ခဲ့ရကြောင်း Urban Guerrilla Force-MDYမှ တာဝန်ရှိသူက ပြောသည်။ 


"ဗုံးပေါက်ပြီးတော့ အိမ်ထဲကနေ လူတွေ များစွာ ထွက်ပြေးလာကြတယ်။ ဗုံးပစ်ခံရတဲ့ အိမ်က ကျည်းတော့ အထိ အခိုက်ရှိနိုင်ပါတယ်။ ဗုံးပေါက်ကွဲပြီးတော့ စစ်ခွေး ကား ၄ စီးနှင့် မိုင်းသမားတွေပါ ရောက်ရှိလာပြီး ညအထိတိုင်အောင် မပြန်သေးဘဲ ပျူစောထီးများမှာလည်း ရပ်ကွက်အတွင်း ဓားရှည်များကိုင်ဆောင်ကာ ပတ်ရမ်းနေခဲ့ကြတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ဗုံးပစ်ခံရပြီး ပေါက်ကွဲချိန်မှာ ထိခိုက်သူ များပြားနိုင်ပါတယ်" ဟု Urban Guerrilla Force-MDYမှ တာဝန်ရှိသူက ပြောသည်။ 


ဓာတ်ပုံ- ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် မြောက်ဥယျာဉ်ရပ်ကွက်တွင် ပျူစောထီးခေါင်းဆောင် စံရှား၏ တပည့် လက်ခွဲပျူခေါင်းဆောင် အောင်နိုင်ထွေးခေါ် နှုတ်ခမ်းမွှေး၏ နေအိမ် ဗုံးပစ်ခံရပြီးနောက် စစ်တပ်က စစ်ဆေးနေစဉ်။ 

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...