Monday 19 June 2023

“မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"


 “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"


၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်။


ယနေ့တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ 'We Miss You' ဟူသော စာသားပါ ဘန်နာတခုအား YRF ၏ Soft Strike Community မှ ချိတ်ဆွဲခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ယနေ့အချိန်ထိ ပြင်ပ ဧည့်သည်များနှင့် တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြင့်သာ တွေ့ဆုံခွင့်ရသည်။ ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာ ၂ နှစ်ကျော်လာသည်အထိ မတွေ့ရ မကြားရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား အစဉ်အမြဲကိုပင် အောက်မေ့ သတိရလျက်ရှိနေသည်။ တချိန်ချိန်မှာ “ကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ်” ဟူသော စကားသံနှင့်အတူ ရွှင်ပြုံး အားရသောမျက်နှာဖြင့် မိန့်ခွန်းပြန်လည်ပြောကြားမည့်ရက်အား စောင့်မျှော်နေသူများလည်း ရှိသည်။ နောက်နှစ်မွေးနေ့တွင် သူချစ်တဲ့ ပြည်သူများနှင့်အတူ မွေးနေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ 


ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့် “You should never let your fears prevent you from doing what is right” ဟူသော စကားနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားကြရအောင်။ 


မွေးနေ့ဆုတောင်းသံတွေ သံတိုင်ကြားက ကြားနိုင်စေ ။


Soft Strike Community 

Yangon Revolution Force - YRF

(ရန်ကုန်တော်လှန်ရေးအင်အားစု)


#yrf

#yangonrevolutionforce 

#AungSanSuuKyi

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...