Monday 19 June 2023

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပ


 တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပ


ရန်ကုန်၊ ဇွန် ၁၉


အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်​၏ ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်​၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်​​၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားမှ ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမှတ်တရအမှာစကားပြောကြားခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ PDF ရဲဘော် များမှ " အရှုံးမပေးနဲ့ မိငယ်ရေ " သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်းနှင့် အမှတ်တရ ကဗျာရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားအစီအစဉ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်းသိရသည်။ 


အဆိုပါ အခမ်းအနားကို စစ်ဆင်ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးနှင့် သတင်းပြန်ကြားရေးဌာန၊ ဆက်သွယ်ရေးဌာနခွဲ၊ မှတ်တမ်းဌာနခွဲ၊ ဘဏ္ဍရေးဌာနခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...