Thursday 8 June 2023

ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထား


 ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထား


ရန်ကုန်၊ ဇွန် ၈


ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို အကြမ်းဖက် စစ်တပ်က စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထားကြောင်း ဒေသပြည်သူများထံမှ သိရသည်။


ဇွန်လပိုင်းက စတင်ကာ စစ်တပ်မှ လူပျို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သည့် စစ်သားများကိုပါ တိုက်ခန်းများ ချပေးထားကြောင်း၊ အဆိုပါ လိုင်းခန်းများသည် စည်ပင်မှ အိမ်ထောင်သည် ဝန်ထမ်းများကိုသာ ပေးသော လိုင်းခန်းများဖြစ်ကြောင်း သိရသည်။


"ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက အခန်းတွေကိုအရင်က စည်ပင် အိမ်ထောင်ရှင်များကိုသာ လိုင်းခန်းအနေနဲ့ တိုက်ခန်းတွေ ပေးထားတာပါ အခု ဒီလပိုင်းမှာ စစ်ဘက်ကလူပျိုဗိုလ်တွေ အတို၊အပြတ် တွေ လိုင်းခန်းအလွတ်တွေကို တဖွဲဖွဲ ရောက်လာပါတယ် ခြေပြတ် လက်ပြတ် PDF အစော်ခံထားရတဲ့ ကောင်တွေပါ ခုတော့ စည်ပင်ကမဟုတ်ဘဲ မင်းအောင်လှိုင် တပည့် ရန်ကုန် မြို့တော်ဝန်ရဲ့ ကောင်းမှုကြောင့် တိုက်ပွဲမှာအစော်ခံထားရတဲ့ စစ်ဘက်က အတိုအပြတ်တွေ ရောက်လာတာကြောင့် သူတို့ကို တီးရင် ငါတို့ပါ ပါမယ်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်" ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။ 


ထို့ပြင် အဆိုပါ လိုင်းခန်းများတွင် နေထိုင်သည့် အကြမ်းဖက် စစ်တပ် ထောက်တိုင် စည်ပင် အရာရှိများက ကားမျိုးစုံစီး၍ သား၊ သမီးများကို ကိုယ်ပိုင်ကျောင်းများ၊ ILBC ကျောင်းများတွင် ထားကာ စီးပွားရေး အလွန်ကောင်းမွန်နေကြောင်း သိရသည်။


"ရန်းကင်း ကန်ဘဲ့ စည်ပင်က နှစ်သီးစား စစ်ဘက်ကစည်ပင်အရာရှိ တွေက စစ်တပ်ရဲ့ ထောက်တိုင်တွေပါ စည်ပင်က နှစ်သီးစား အရာရှိတွေလည်း ကန်ဘဲ့ စည်ပင်လိုင်းခန်းမှာနေပြီ စီးပွားရေးအခြေအနေကောင်းနေသလို ကားတွေထည်လည်းစီးနိုင်တဲ့အထိ သားသမီးတွေကို အရင်နှစ်တွေကစလို့ ကိုယ်ပိုင်ကျောင်းတွေ ILBC လိုကျောင်းတွေမှာထားနိုင်တဲ့အထိ စီးပွားရေးကောင်းနေကြတာပါ။ သူတို့ပြောနေတဲ့စကားကတော့ ငွေရှာရတာလွယ်တယ်တဲ့ ဒီအစိုးရ လက်ထက် အရမ်းအဆင်ပြေတယ်လို့ပြောနေကြပါတယ်" ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...