Friday 9 June 2023

ပဲခူးနတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွတွေ့နေရ၊ စစ်သားအလောင်းအရေအတွက် ၆၀ ကျော်ပြီ


ပဲခူးနတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွတွေ့နေရ၊ စစ်သားအလောင်းအရေအတွက် ၆၀ ကျော်ပြီ  


ရန်ကုန်၊ ဇွန် ၉ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွသည့်အနေအထားဖြင့် တွေ့နေရပြီး လက်ရှိတွင် စစ်သားအလောင်းအရေ အတွက် ၆၀ ကျော်ပြီဖြစ်ကြောင်း ပဲခူးတိုင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  


"စစ်ခွေးတွေ သေတာ ၆၀ ကျော်တယ်။ အခုအထိ အလောင်းတွေ တွေ့နေတုန်းပဲ။ စစ်‌ကြောင်းမှူးတွေ သတင်းပို့လာတယ်" ဟု ပဲခူးတိုင်း PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  


ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်မှ ၇ နာရီအချိန်အထိ စစ်တပ်များ တပ်စွဲထားသော ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတား ထိပ်ရှိ ရဲနှင့် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်၊ ပြည်သူ့စစ်ပူးပေါင်း တပ် စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်းတို့ကို KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တောင်းမြစ်ကူး နတ်သံကွင်း တံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့်တာဆုံကြားရှိ တံတားတို့ကို မိုင်းခွဲခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...