Thursday 29 June 2023

မိုင်းခွဲခံရသည့် ကျုံအိတ်တံတားကို ပိတ်ဆို့ပြီး စစ်ဆေးမှုလုပ်နေသည့် စစ်တပ် နှင့် ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှု သထုံခရိုင်လမ်းဦးစီးမှူး နှင့် ထွေ/ အုပ် ဝန်ထမ်း ၂ ဦးသေဆုံး၊ စစ်သားနှင့်ရဲ ၂၀ ကျော်ဒဏ်ရာရ




 မိုင်းခွဲခံရသည့် ကျုံအိတ်တံတားကို ပိတ်ဆို့ပြီး စစ်ဆေးမှုလုပ်နေသည့် စစ်တပ် နှင့် ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှု သထုံခရိုင်လမ်းဦးစီးမှူး နှင့် ထွေ/ အုပ် ဝန်ထမ်း ၂ ဦးသေဆုံး၊ စစ်သားနှင့်ရဲ ၂၀ ကျော်ဒဏ်ရာရ  


ရန်ကုန်၊ ဇွန် ၂၉ 


မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းအကြား မိုင်းခွဲခံရသည့် ကျုံအိတ် တံတား ကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေသည့် စစ်တပ်နှင့်ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး သထုံခရိုင်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး‌နှင့် ထွေအုပ် ဝန်ထမ်း ၂ ဦးသေဆုံးကြောင်း သိရှိရသည်။ 


သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ် တံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် မိုင်းခွဲခံရ၍ ပြိုကျပြီးနောက် ယင်းတံတားကို စစ်တပ်နှင့်ဌာနဆိုင်ရာများက ယနေ့ နံနက် ၈ နာရီအချိန် လာရောက်စစ်ဆေးကြောင်း၊ ထိုသို့စစ်ဆေးစဉ် ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ သထုံခရိုင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး သထုံမြို့နယ်ထွေအုပ် ဝန်ထမ်း ၁ ဦးလည်း သေဆုံးကြောင်း၊ စစ်တပ်ကလည်း ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။ 


"စနိုက်ပါနဲ့ပစ်တာ။ အဲဒီမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က ဒဏ်ရာရတာက ၂၀ ကျော်တယ်။ စစ်တပ်ရော ရဲရော ၊ ဌာနဆိုင်ရာတွေရော အကုန် ထိတာ။ စနိုက် ပါတွေနဲ့ပတ်ပတ်လည်ကနေ ပစ်တာ" ဟု တော်လှန်ရေး သတင်း ရင်းမြစ်က ပြောသည်။  


စစ်တပ်ဘက်ကမူ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်သည်ဟု သတင်းထုတ်ပြန်ထားပြီး ဝန်ထမ်း ၂ ဦး သေဆုံးကာ စစ်တပ်နှင့်ရဲ၊ ဌာနဆိုင်ရာ ၂၇ ဦးကျော်ဒဏ်ရာရရှိ ကြောင်း သတင်းဖော်ပြ ထား သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...