Friday 30 June 2023

မင်းလှတွင် PDF များ ကိုဖမ်းဆီးပြီး အသည်းကို အရက်နှင့် မြည်းမည်ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှမြင့်နှင့် ရာအိမ်မှူး မြင့်ဌေးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး



 မင်းလှတွင် PDF များ ကိုဖမ်းဆီးပြီး အသည်းကို အရက်နှင့် မြည်းမည်ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှမြင့်နှင့် ရာအိမ်မှူး မြင့်ဌေးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး


ရန်ကုန်၊ ဇွန် ၃၀


ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF များ ကိုဖမ်းဆီးပြီး အသည်းကို အရက်နှင့် မြည်းမည်ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှမြင့်နှင့် ရာအိမ်မှူး မြင့်ဌေးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူးလှမြင့်နှင့် ဇရစ်မြောင်ရွာ ရာအိမ်မှူး မြင့်ဌေးတို့သည် မင်းလှမြို့မှ ပြန်လာစဥ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ သပြေစမ်းရွာ အနီး၌ သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ၏ ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးထံမှ ဖုန်း ၁ လုံးနှင့် ငွေကျပ် ၃၈၆၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့ပြီး အုပ်ချုပ်ရေးမှူး လှမြင့်တွင် ပါလာသည့် တစ်လုံးထိုး သေနတ်ကို လုံခြုံရေး အခြေအနေအရ သိမ်းဆည်းနိုင်ခြင်း မရှိကြောင်း သိရှိရသည်။


အုပ်ချုပ်ရေးမှူးလှမြင့်သည် စစ်တပ် အလိုတော် တစ်ဦးဖြစ်ပြီး ပြည်သူများကို ဒုက္ခပေးနေသူဖြစ်ကာ PDF များကို ကိုယ်တိုင် ဖမ်းဆီးပြီး အသည်းကို အရက်နှင့် မြည်းမည်ဟူ ကြွေးကြော်ထားကာ ယခင် ရှင်းလင်းခံရသည့် အုပ်ကြီး ထွန်းဝင်း၏ နေရာတွင် ဆက်ခံသူဖြစ်ကြောင်း သိရသည်။


ဇရစ်မြောင်ရွာ ရာအိမ်မှူး မြင့်ဌေးသည် ကျေးရွာ လယ်စီ အတွင်းရေးမှူး တာဝန်ယူထားပြီး စိုက်ပျိုးစရိတ် ချေးငွေမဆပ်နိုင်သည့် လယ်သမားများကို စစ်တပ်ခေါ် ဖမ်းခိုင်းကာ စိုက်စရိတ်ချေးငွေများကို ခြိမ်းခြောက်တောင်းခံသူဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...