Wednesday 21 June 2023

ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


 ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၂၁


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ၌ တပ်စွဲထားသော ပျုစောထီး ၄ ဦးသည် စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဥ် ဆင်အင်းရွာနှင့်မြင်းစီးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ရွှေဘိုခရိုင် တပ်ရင်း ၄ နှင့် ဆင်အင်းရွာ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ပျူစောထီး ၄ ဦးထံမှ ကာဘိုင် ၃ လက်၊ AK-47 ၁ လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဘောက် ၄ ခုနှင့် ချပ်ဝတ်တန်ဆာ ၄ ခုတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...