Thursday 22 June 2023

ရေးမြို့နယ်၊ ချောင်းတောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လမိုင်းမြို့ လ၀ကရုံးတွင် လာဘ်ငွေယူ မှတ်ပုံတင် လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး


ရေးမြို့နယ်၊ ချောင်းတောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လမိုင်းမြို့ လ၀ကရုံးတွင် လာဘ်ငွေယူ မှတ်ပုံတင် လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၂၂ 


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့က ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာ ရှိ အကြမ်းဖက်စစ်တပ် စခ ၁၉ လက်အောက်ခံတပ်သားများ စောင့် နေသော စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦးသေဆုံးကြောင်း၊ မိုးရွာသွန်းနေချိန် စစ်ဆေးရေးဂိတ်အတွင်း စစ်သား ၈ ဦး ထိုင်နေသည်ကို ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက် ကောက် ယူနိုင်ခဲ့ ခြင်း မရှိဟု သိရှိရသည်။


“ဒီနေ့တစ်ရက်တည်းမှာ မစ်ရှင် နှစ်ကြောင်း ပြုလုပ်နိုင်ခဲ့တယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ဒီမနက် ၁၀ နာရီလောက်မှာ ရေးဘီလူးအဖွဲ့သားများက ဝင်ပစ်တယ်၊ သေနတ်ဝင်လုတာပေါ့ဗျာ၊ သေနတ် တော့မရခဲ့ဘူး၊ စခ ၁၉ ရဲ့လက် အောက်ခံတပ်ရင်းပေါ့၊ စစ်သားတွေစောင့်နေတဲ့ တပ်ပေါ့၊ ရဲတပ် မဟုတ် ဘူး၊ ရဲကင်းမဟုတ်ဘူး၊ ဝင်ပစ်တော့ မိုးကရွာနေတယ်ဗျ၊ ဖြစ်ပုံက၊ ဂိတ်ထဲမှာကို ၈ ယောက်ထိုင်နေတာ ကိုဝင်ပစ်တာ၊ ၄ ဦးကျတယ်ဗျ၊ အခြား ဒဏ်ရာရတာတွေလည်း ရှိတယ်၊ သေနတ်တော့ ကောက်လို့ မရခဲ့ဘူး၊ ကတုတ် ထဲမှာ အကုန်လုံးမကျတဲ့အခါကျတော့ ဝင်ရတာ တအားခက်လို့ လက်နက် တော့ မရခဲ့ဘူး၊ ပြောက် ကျားအနေနဲ့ပဲ အလျှင်အမြန်ဝင်ပစ်ခဲ့ရတာ” ဟု ရေးဘီလူး တပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထို့ပြင် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ လမိုင်းမြို့ရှိ ဝန်ထမ်းအိမ်ရာအ တွင်းနေ ထိုင်ပြီး အခကြေးငွေ မတရားရယူကာ မှတ်ပုံတင်ပြုလုပ်ပေးနေသော လဝက ဦးစီးမှူးဟောင်း၏ ဇနီး ဖြစ်သူကိုလည်း ယနေ့ ဝင်ရောက် ပစ်ခတ် ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။


“နောက်ထပ် မစ်ရှင်ကတော့ လမိုင်းမှာပေါ့၊ မှတ်ပုံတင်တွေကို ငွေယူပြီး လုပ်နေတဲ့ အဖွားကြီး။ သူ့ရဲ့အမျိုးသားက လဝက ဦးစီး အဟောင်းဆို တော့ ရုံးပိတ်ထားပေမယ့် အပြင်ကနေ ငွေရှာပြီးတော့ မှတ်ပုံတင်တွေလုပ် ပေးနေ တယ်၊ ပြီးတော့ သူက လုပ်ပိုင်ခွင့်တွေ အကုန်ရထားတယ်၊ သူကိုယ်တိုင် ဝန်ထမ်း အိမ်ရာမှာနေတယ်၊ ရုံးမတက်ပဲပေါ့၊ အဲဒါကို ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ ဝန်ထမ်းအိမ်ရာထဲမှာပဲ ဝင်ရောက်ရှင်း လင်းခဲ့တာဗျ”ဟု ရေး တပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းနှင့် ရေးမြို့နယ် ပြင်ပတွင် ရေးဘီလူးအဖွဲ့ အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များကို ကြောက်လန့်၍ စစ်တပ်က စစ်သား၊ ရဲ၊ မီးသတ်နှင့် Non-CDM ဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွား ကြရန် ညွှန်ကြားချက် လျှို့ဝှက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...