Thursday 22 June 2023

ရေးမြို့နယ်၊ သံဖြူဇရပ်အကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးပြီး နေ့စဉ် လုံခြုံရေး ယူ စစ်ဆေးနေ


 ရေးမြို့နယ်၊ သံဖြူဇရပ်အကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးပြီး နေ့စဉ် လုံခြုံရေး ယူ စစ်ဆေးနေ


ရန်ကုန်၊ ဇွန် ၂၂ 


မွန်ပြည်နယ်၊ ရေးမြိုနှင့် သံဖြူဇရပ်မြို့အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် ၊အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုး နေရာယူပြီး KNLA၊ S.O.F နှင့် PDFပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


ဇွန်လ ၁၈ ရက်နေ့မှစတင်ပြီး ပြည်ထောင်စုလမ်းမကြီး တစ်လျောက်စစ်ဆေး ခဲ့ရာ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ စစ်ဆေးလျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်း မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် KNLA၊ S.O.F နှင့် ရေးဘီလူး ပူး ပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရ စစ် ဆေးမှု များပြုလုပ်ကြောင်း သိရှိရသည်။ 


 ဇွန်လ ၁၈ ရက်နေ့ ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ဇွန်လ ၁၀ ရက်နေ့တွင် KNLA တပ်ရင်း ၂၇ က ပြည်ထောင်စုလမ်းမကြီး တ လျှောက် သွားလာနေကြသည့် ကားများတွင် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နေ့စဉ်စစ်ဆေးမှုများ လုပ်ဆောင် နေခြင်း ဖြစ်သည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...