Friday 23 June 2023

ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံး


 ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်ခတ် ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၂၂


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် သင်္ချာ ရဲနိုင်ကို ကျိုက်ထိုတော်လှန် ရေးအင်အားစုက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း KRF ထံမှ သိရသည်။


ယနေ့ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရ ကျောင်းရှေ့ မုခ်ဦးဝ၌ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ သင်္ချာရဲနိုင်ကို ကျိုက်ထိုတော်လှန် ရေးအင်အားစု - KRF က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော သင်္ချာ ရဲနိုင်သည် အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ်ကောင်စီ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ပြည်သူများကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက် ငွေညှစ် ခြင်းတို့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။


ကျိုက်ထိုတော်လှန်ရေး အင်အားစု - KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတရာ ထိခိုက်နစ်နာ ပျက်စီးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်မည်မဟုတ်ပဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေများ၊ သတင်းပေးများနှင့် ဒေါက်တိုင်များ ကို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...