Friday 23 June 2023

လောင်းလုံးမြို့နယ်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


 လောင်းလုံးမြို့နယ်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၂၃


လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဇွန်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာနှင့် သဘော့ဆိပ်ကျေးရွာ အကြား လမ်းပိုင်း တစ်နေရာ၌ ကင်းပုန်းဝပ်ပြီး ကင်းရုပ်သိမ်းစဥ် ဆုတ်ခွာလာသော စစ်သား ၃ ဦးကို တိုက်ခိုက်ခဲ့ရာ ၄၀၆ တပ်ရင်းမှ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ သေဆုံးသွားသော စစ်သားထံမှ MA3 သေနတ် ၁ လက် ၊ ကျည်တောင့် ၃၁၇ ခု ၊ ကျည်ဘောက် ၄ ခု ၊ ကျည်ကာ ၁ ခု နှင့် ဘေးအိပ် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း အင်အား အလုံးရင်းနှင့် ရောက်ရှိလာပြီး ခရီးသွားပြည်သူများကို တားစီးစစ်ဆေးခြင်း ၊ ငွေကြေးနှင့် ရိက္ခာအတွက် ပစ္စည်းများ သိမ်းယူခြင်းများ များစွာရှိနေခဲ့ကြောင်း၊ ထို့ကြောင့် လောင်းလုံးမြို့နယ်အတွင်း စစ်သားများစီးနင်း လိုက်ပါသည့် ဆိုင်ကယ်များ၊ ကား ၊ ပျူစောထီးများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ရန် ခရီးသွားလာရာတွင် သတိထားကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...