Friday 23 June 2023

ကော့ကရိတ်မြို့နယ်၊ ရေကူးကန်စစ်တပ်စခန်းကို ဝင်ရောက်တိုက် ခိုက်မှု စစ် သား ၈ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး၊ KNU တပ်မဟာနယ်မြေ ၆ တွင် မေလအတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး စစ်သား ၄၆ ဦး သေဆုံး


 ကော့ကရိတ်မြို့နယ်၊ ရေကူးကန်စစ်တပ်စခန်းကို ဝင်ရောက်တိုက် ခိုက်မှု စစ် သား ၈ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး၊ KNU တပ်မဟာနယ်မြေ ၆ တွင် မေလအတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး စစ်သား ၄၆ ဦး သေဆုံး


ရန်ကုန်၊ ဇွန် ၂၃ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် ၊ တမိုင်း ကုန်းရှိ ရေကူးကန် စစ်တပ်စခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူ တစ် ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် စတင်ပြီး စစ်တပ်စခန်းကို KNU/ KNLA တပ် ရင်း ၁၈ ၊ ကျားသစ် နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျား ဖြူ စစ်ကြောင်းတို့က ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကြောင်း၊ စစ်သား အ များ အပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျ ဆုံးခဲ့ ကြောင်း သိရသည်။


“အပြန်အလှန်တိုက်ပွဲက မနက် ၇ နာရီလောက်ကနေ ညနေ ၅ နာရီ ကျော် လောက် အထိ ဖြစ်ခဲ့တာပါ၊ စစ်ခွေးတွေဘက်က ၁၂၀ မမ ၈၁ မမ စိန်ပြောင်း တွေနဲ့ ပစ်တယ်၊ လေယာဉ်နဲ့ပစ်တဲ့အချိန်မှာ ပြည်သူ တွေထိခိုက်မှု မရှိပေမယ့် အဲဒီရက်မတိုင်ခင်ကတော့ ရွာထဲကို လက်နက်ကြီးကျလို့ ဘုန်းကြီးတစ်ပါးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့သေးတယ်၊ ကျနော်တို့ ရဲဘော်က အပြန် အလှန် ပစ်တိုက်ပွဲမှာ ထိခိုက်ခဲ့တာပါ၊” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


စစ်တပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း သို့ တစ်နေ ကုန် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ကရင်ပြည်နယ်၊ KNU/KNLA တပ်မဟာ နယ်မြေ ၆ နယ်မြေ ဒူပလာ ယာ ခရိုင်တွင် မေလအတွင်း တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပြီး အကြမ်း ဖက် စစ်ကောင် စီတပ်သား ၄၆ ဦးသေဆုံးကာ ၃ ဦးအရှင်ဖမ်းမိခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင်သတင်းထုတ်ပြန်သည်။


မေလ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မ တော် (K.N.L.A)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ လက် အောက် ခံပူးပေါင်းစစ်ကြောင်းများနှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင် စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထို တိုက်ပွဲများတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ၄၆ ဦး သေဆုံးပြီး ၄၀ ဦး ဒဏ် ရာရကာ ၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရရှိခဲ့ ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ လည်း ၅ ဦး ဒဏ်ရာရခဲ့ပြီး ရဲဘာ် ၁ ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့ရ ကြောင်း သိရသည်။


ယင်းတိုက်ပွဲများမှ ထိတွေ့မှုတိုက်ပွဲ ၇ ကြိမ်၊ ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျား တိုက် ခိုက်မှု၊ စနိုက်ပါ ဖြင့် တိုက်ခိုက်မှု ၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၂၄ ကြိမ်ဆင် နွှဲခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ် သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးဖြင့် တိုက် ခိုက်မှု ၁၀၂ ကြိမ်ရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည် သူ ၃ ဦးသေဆုံးခဲ့ကာ ၈ နှစ်အ ရွယ် ကလေးတစ်ဦးအပါအဝင် ၁၇ ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။


ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲမေတစ်ဦးအပါအဝင် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ခရစ်ယာဘုရားကျောင်း ၁ လုံး၊ နေအိမ် ၂၆ လုံး၊ ပြည်သူပိုင် ကွမ်းသီးပင် အပင် ၅၀ ၊ ပြည်သူပိုင် ရော်ဘာပင် ၁၃၂ ပင်နှင့် ပြည်သူပိုင်အိမ်စီးကား တစ်စီးတို့လည်း ပျက်စီးခဲ့ကြောင်း သိရ သည်။


ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တချို့၏ စစ်ရေး လေ့ ကျင့်မှု မြင်ကွင်း။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...