Friday 23 June 2023

ဆိပ်ဖြူမြို့နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်သား(၂၀) ဦးသေဆုံး (၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိ


 ဆိပ်ဖြူမြို့နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်သား(၂၀) ဦးသေဆုံး (၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိ 


ဇွန် ၂၃၊၂၀၂၃


မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်လို့ အကြမ်းဖက်စစ်သား(၂၀) ဦးသေဆုံး (၃၀) ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ(၂၀)ရက်နေ့၊ မနက် ၇နာရီ ၅၀ မိနစ်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့က ဆောလမ်းပိုင်းကို ရန်သူ့အင်အား (၃၀) ခန့်ပါ စစ်ကားကြီး (၁) စီး ဝင်ရောက်လာခဲ့တာပါ။


အဲဒီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf) နဲ့ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ပူးပေါင်းတိုက်ခိုက်တာပါ။


အဆိုပါ အကြမ်းဖက်စစ်ကား သပြေကျေးရွာနဲ့ရေကျော်ကျေးရွာအကြား လမ်းပိုင်းတစ်နေရာအရောက်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပဒေသာမိုင်းနဲ့ ထိထိမိမိစောင့်ကြို တိုက်ခိုက်ခဲ့တာပါ။


"ပဒေသာမိုင်း (၄) လုံးတွဲနဲ့ ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်ဖွဲ့ဝင် (၃) ဦး နေရာမှာပင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၂၀) ဦး ခန့်ရှိခဲ့တယ်"လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ကသတင်းထုတ်ပြန်ပါတယ်။


အဲဒီနေ့ မနက်(၉)နာရီမှာ သပြေကျေးရွာနဲ့ရေကျော်ကျေးရွာအကြားကို ထပ်မံဝင်ရောက်လာတဲ့ စစ်ကား (၁) စီး ကို ပဒေသာမိုင်းတွေနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ တပ်ဖွဲ့ဝင် (၂) ဦး နေရာမှာပင် သေဆုံးခဲ့ပြီး (၅) ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။


ဒါ့အပြင် ဇွန်လ (၂၁)ရက်နေ့၊ မနက်၁၁နာရီခွဲခန့်မှာ လမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အလောင်းတွေကို လာရောက်သယ်ဆောင်ဖို့ရောက်လာတဲ့ စစ်ကား (၁) စီးက မိုင်းကွင်းတွေကို ဖျက်စီးကာ၊ နယ်မြေရှင်းလင်းရေးဝင်ရောက်လာခဲ့ပါတယ်။


အဲလို ဝင်ရောက်လာသော စစ်ကား(၁)စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf) နဲ့ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့က ပဒေသာမိုင်းတို့နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကား (၁) စီး ပျက်စီးခဲ့ပါတယ်။


အဲဒီမှာ "ရန်သူ့တပ်ဖွဲ့ဝင် (၁၅) ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ (၅) ဦးခန့်ရှိခဲ့တယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ကသိရပါတယ်။


ဇွန်လ(၂၀)ရက်နဲ့(၂၁)ရက်နေ့ နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း "ရန်သူ့တပ် စစ်ကား(၁) စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား (၂၀) ဦးသေဆုံးကာ (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်"လို့ စစ်ရုံးချုပ်က သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ပြည်သူကို အစီရင်ခံတင်ပြထားပါတယ်။


ဓာတ်ပုံ- စစ်ကြောင်းထွက်လာတဲ့ မကွေးတိုင်းအတွင်းက PDF ရဲဘော်များ။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...