Saturday, 24 June 2023
မယ်စဲ့မြို့နယ်တွင် စစ်တပ်၏ ပင်မအခြေစိုက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မယ်စဲ့မြို့ နေရာတချို့ကို တော်လှန်ရေး မဟာမိတ်အင်အားစုများက စတင်ထိန်းချုပ်
မယ်စဲ့မြို့နယ်တွင် စစ်တပ်၏ ပင်မအခြေစိုက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မယ်စဲ့မြို့ နေရာတချို့ကို တော်လှန်ရေး မဟာမိတ်အင်အားစုများက စတင်ထိန်းချုပ်
■ မြို့တော် လွိုင်ကော်ရှိ စစ်တပ်နှင့် ဝန်ထမ်းမိသားစုဝင်များ နေရာပြောင်းရွှေ့နေပြီး စစ် အင်အားများ တိုးမြှင့်ခေါ်နေ
ရန်ကုန်၊ ဇွန် ၂၄
ကရင်နီ ပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗဟိုအချက်အချာကျသော ပင်မ တပ်စခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KNDF တပ်ရင်း ၉ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းသည် မယ်စဲ့မြို့နယ်အတွင်း ရှိစစ်ကောင်စီတပ်၏ ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့သော စခန်းဖြစ်ကြောင်း ၊ မယ့်စဲမြို့၏ နေရာတချို့ကို တော်လှန်ရေးတပ်များက စတင်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင်ပြီပေါ့၊ နယ်စပ်ဘက်တော့ ကျန်သေးတယ်ဗျ၊ စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊ ဇွန်လ ၁၃ ရက်နေ့က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်းနှင့် ထိုင်းနယ် စပ်ရှိ နမ့်ပေါင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပင်မအခြေစိုက်စခန်းကို မနေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်" ဟု KNDF တပ်ရင်း ၉ တာဝန်ရှိသူက ပြောဆိုသည်။
စခန်းသိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က မယ်စဲ့မြို့နယ်အတွင်း ရဟတ်ယာဉ်ဖြင့် အင် အားဖြည့်တင်းနေပြီး အကြမ်းဖက်စစ်ကောင်စီအတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သည့် အတွက် ပြည်လည်ရယူနိုင်ရန် လေကြောင်း ကုန်းကြောင်းမှ အင်အားဖြည့်တင်းကာ ပြန်လည် ရယူနိုင်ရန် ကြိုး စားနေကြောင်း သိရသည်။
ထို့ပြင် ကရင်နီပြည်နယ် ၏ မြို့တော်လွိုင်ကော်တွင် စစ်တပ်မိသားစုများ၏ အရေးကြီး စာရွက်စာတမ်း များအကုန်ယူ၊ သိမ်းခိုင်းပြီး နေရာပြောင်းရွှေ့ခိုင်းနေကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ပြောင်းရွှေ့ခိုင်းနေကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်သား အင်အားအများအပြားကို လေကြောင်းမှ တစ်ဆင့် ခေါ်ယူ တိုးမြှင့်နေကြောင်း သိရှိရသည်။
"လွိုင်ကော်လေဆိပ်ကနေ ၂၆၁ ကနေရော၊ နောင်ယားက တိုက် ခြောက် လုံးနား ကနေ ကောပဲ၊ နေရာ ရွှေ့နေကြပြီ။ ဘယ်ကိုရွှေ့ထားတဲ့တော့ နေရာ အတိအကျမသိဘူး။ မနေ့က လွိုင်ကော်မှာ လေယာဉ် ၆ ခါ ဆင်းတယ်၊ ၁ စီးပဲ ခရီးသည်ပါတယ်၊ ကျန်တဲ့ ၅ စီးက စစ်ခွေးတွေ အပြည့်ပဲ၊ အခု ညနေ လွိုင် ကော် မြို့က မှတ်တိုင် အဟောင်း တိုက် ၆ လုံးနားက ခြံဝန်းထဲမှာ ရောက် နေတယ်၊” ဟု KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူ တစ် ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် ၁၂၀ မမ အမြောက် အပါအဝင် လက်နက်များ။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment