Sunday, 25 June 2023
ရှမ်းပြည်နယ်ဘက်မှ တပ်ရင်းများကို ကရင်နီ ပြည်နယ်ဘက်သို့ စစ်ကူစေလွှတ်ရန် စစ်ကောင်စီ ဆင့်ခေါ်မှု စစ်သားများ ကြောက်လန့် ထွက်ပြေး သဖြင့် တပ်ပြေးမှု အလွန်များပြားလာ
ရှမ်းပြည်နယ်ဘက်မှ တပ်ရင်းများကို ကရင်နီ ပြည်နယ်ဘက်သို့ စစ်ကူစေလွှတ်ရန် စစ်ကောင်စီ ဆင့်ခေါ်မှု စစ်သားများ ကြောက်လန့် ထွက်ပြေး သဖြင့် တပ်ပြေးမှု အလွန်များပြားလာ
■ စစ်သား ၁၈ ဦး လက်နက်ချ အလင်းဝင်သော မယ်စဲ့စစ်တပ်ဗျူဟာကုန်းစခန်းမှ စိန်ပြောင်း နှစ်လက်အပါအဝင် လက်နက်အများအပြားရရှိထား
ရန်ကုန်၊ ဇွန် ၂၅
ကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် များ သေဆုံးမှုများပြား ပြီး နယ်မြေအများစုကို လက်လွှတ် လိုက်ရသည့်အခြေအနေတွင် စစ် ကြောင်း ထိုးရန် ဆင့်ခေါ်ခံနေရသဖြင့် ရှမ်းပြည် နယ်အခြေစိုက် တပ်များမှ စစ်သားများ ကြောက် လန့်ပြီး ထွက်ပြေးနေကြကြောင်း သိရှိရသည်။
ကရင်နီပြည်နယ်သို့ စစ်ကူများစေလွှတ်ရန် ရှမ်းပြည်နယ်အခြေစိုက် တပ်များဖြစ်ကြသည့် ဖယ်ခုံမြို့နယ်အခြေစိုက် ခမရ-၃၃၆ ၊ ခမရ-၄၂၁ ၊ ဆီဆိုင်မြို့နယ်အခြေစိုက် ခမရ-၄၂၃၊ ခမရ-၄၂၅(ဘန်းယဉ်) ခမရ ၄၂၆ (ဘန်းယဉ်) အပါအဝင် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ တပ်များမှ စစ်သားများ ကြောက်လန့်ပြီး တပ်မှ ထွက်ပြေးနေကြခြင်းဖြစ် ကြောင်း၊ တပ်ပြေးမှု အလွန်မြင့်တက်နေကြောင်း သိရှိရသည်။
" ကရင်နီဘက်ကို စစ်ကူစေလွှတ် ပြင်နေတာမှာ အဲဒါ ရှမ်းတောင်က တပ်တွေမှာ စစ်သားတွေ ထွက်ပြေးကုန်လို့ စစ်ပြေးတွေ အရမ်းများနေတယ်။ စစ်သားတွေကလည်း ကရင်နီဘက် အလွှတ်ခံရရင် အသေများတော့ ပြေးကုန်ကြတာ။ အဓိက ပြေးနေတဲ့ တပ်တွေက ခမရ-၃၃၆(ဖယ်ခုံ)၊ ခမရ-၄၂၁(ဖယ်ခုံ)၊ ခမရ-၄၂၃(ဆီဆိုင်)၊ ခမရ-၄၂၄(ဆီဆိုင်)၊ ခမရ-၄၂၅(ဘန်းယဥ်)၊ ခမရ-၄၂၆(ဘန်းယဥ်)က တပ်တွေက အပြေး များနေတာ။ နောက်ထပ် အင်အားလည်း မရှိသ လောက်တော့ ဖြစ်နေတော့ ရှမ်းမြောက်က တပ်တွေ ကို လည်း လွှတ်ဖို့ စီစဉ်နေတယ်လို့ သိရတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကရင်နီပြည်နယ်၊ စစ်ကောင်စီ၏ ခမရ ၄၃၀ တပ်အထိုင်ချထားသော PB 13 မယ်စဲ့ ဗျူဟာကုန်း စခန်းကို ဇွန်လ ၂၃ ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ပြီး ယင်းစခန်းမှ စိန်ပြောင်းလက်နက် ၂ လက်အပါအဝင် လက်နက်ငယ်များ၊ ခဲယမ်းအများအပြား သိမ်းဆည်း ရမိကြောင်း၊ ယင်းစခန်းမှ စစ်သား ၁၈ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"မယ်စဲ့ဗျူဟာကုန်းကနေ စိန်ပြောင်း ၂ လက်အပါအဝင် လက်နက်တွေ အများကြီးထပ်ရထားတယ်။ ဒါပေမယ့်လေ အသေးစိတ် အရေအတွက်ကိုတော့ မသိရသေးဘူး။ ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း ၁၂၀ မမ လက်နက်ကြီး ၂ လက်ကို စစ်တပ်စခန်းဆီကနေ ရရှိပါတယ်။" ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ရှင်းလင်းပြောဆိုသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment