Sunday 25 June 2023

ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ အင်အား ၁၀၀ နီးပါးရှိ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်၊ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုး တို့ပါ ပါဝင်


 ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ အင်အား ၁၀၀ နီးပါးရှိ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်၊ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုး တို့ပါ ပါဝင်


ရန်ကုန်၊ ဇွန် ၂၅ 


ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်း စစ်တပ်စခန်း (BP 13 ) စခန်းမှ အင်အား ၁၀၀ နီးပါးရှိသော ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး တော်လှန်ရေးတပ်ဖွဲ့များထံ တွင် လက်နက်ချ အလင်းဝင်လာကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ 


ပြည်တွင်း တော်လှန်ရေးသတင်းမီဒီယာတစ်ခုဖြစ်သော ငွေမောင်းသံမီဒီယာက ခမရ ၄၃၀ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇာနည်အောင်နှင့် ဒုတိယ တပ် ရင်း မှူး ဗိုလ်မှူးကျော်သူစိုးတို့ ပါဝင်သော တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်း ဝင်လာကြောင်း သတင်းဖော်ပြခဲ့ပြီး ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က တော်လှန်ရေး သတင်းရင်းမြစ်များထံ ဆက်သွယ် မေးမြန်း ရာမှ သတင်းမှန်ကန်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။ 


"သတင်းကတော့မှန်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ ပြောဆိုခွင့်မရှိပါ ဘူး။ ဖြေဆိုခွင့်လည်းမရှိပါဘူး။ သက်ဆိုင်ရာဘက်ကနေ တရားဝင် ထုတ်ပြန်တာ စောင့်ပါ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


ရန်ကုန်ခေတ်သစ်သတင်းဌာနက အခြားသော တော်လှန်ရေး သတင်းရင်းမြစ် များထံသို့ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး အလင်းဝင် လာမှုနှင့်ပတ်သက်၍ ထပ်မံစုံစမ်းမေးမြန်းရာ အသုတ်လိုက် အလင်းဝင်လာခြင်းဖြစ်ပြီး ပထမ အသုတ်အဖြစ် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးဦးဆောင်အဖွဲ့က စခန်းပြင်ပ တွင်လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် စခန်းတွင် ကျန်ရှိအင်အားများက လက်နက်ချ အလင်းဝင်ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် လက်နက် ၁၀၀ ကျော်၊ အမြောက်များ ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


" တချို့အချက်အလက်တွေက သက်ဆိုင်သူတွေရဲ့ သဘောထားဆန္ဒမပါဘဲ ပြောလို့မရဘူး။ ငဲ့ညှာရမှာတွေလည်းရှိတယ်" ဟုအခြား ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


ခမရ ၄၃၀ မှ လက်နက်ချ အလင်းဝင်သူများအားလုံး၏ လုံခြုံရေးနှင့် စားဝတ် နေရေး အတွက် သက်ဆိုင်ရာက စီစဉ်နေပြီး အချိန်တန်လျှင် ထုတ်ပြန် မည် ဖြစ် ကြောင်း သိရှိရသည်။


ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များနှင့် သိမ်းဆည်းရရှိသော လက်နက်ကြီးများ။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...