Friday 2 June 2023

“ဘုံကထိန် ဘုံကထိန် ဘုံကထိန်လှည့်လို့လာ…”

“ဘုံကထိန် ဘုံကထိန် ဘုံကထိန်လှည့်လို့လာ…”


📌ဒီသီချင်းလေးကို လူကြီးလူငယ်အားလုံးနားထဲစွဲနေမယ်ဆိုတာ အသေအချာပါပဲ။


📌ထို့အတူ ကထိန်ဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်တဲ့မြန်မာနိုင်ငံလို နေရာမျိုးမှာ နှစ်စဉ်ကျင်းပကြတဲ့ ဆယ့်နှစ်လရာသီတွေထဲက ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။


‼️ဘာလို့ကထိန် ကျင်းပရလဲ?

အရှင်းဆုံးကတော့ နိဗ္ဗာန်ကျိုးမျှော်ပြီး နောင်သံသရာဘဝကောင်းစားရေးအတွက် လက်ရှိဘဝမှာ “စုပေါင်း” လုပ်ကိုင်လှူဒါန်းကြတာဖြစ်ပါတယ်။


💢ဝုန်းကထိန်💢


📌ဒီလိုပဲ ငရဲမှာ အရှင်လတ်လတ် ကျရောက်ခံစားနေကြရတဲ့ မြန်မာနိုင်ငံပြည်သူပြည်သားများအနေနဲ့လည်း လောကချမ်းသာဖြစ်တဲ့ လွတ်လပ်မျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် လက်တွေ့တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးဘက်တော်သားတွေကို ကူညီထောက်ပံ့ခြင်းဟာ လက်ရှိဘဝမှာတင် အချိန်မဆိုင်း အကျိုးပေးမယ့်အလှူပါ။


💢ဝုန်းကထိန်💢 မှာပါဝင်တဲ့အဖွဲ့တွေကတော့ လက်တွေ့ချက်ချင်းပုံဖော်ရမယ့် ပရောဂျက်တွေကို ဦးစားပေးစုစည်းထားတာဖြစ်လို့ ပြည်သူရဲ့တယောက်တလက်အားနဲ့ ဝိုင်းဝန်းလိုက်မယ်ဆိုရင် 💢ဝုန်းကထိန်💢ဆိုတဲ့ အတိုင်း စည်ကားမြိုင်ဆိုင်သွားမှာအသေအချာပါပဲ။


📌ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။


💢ဝုန်းကထိန်💢 ဝုန်းကထိန်💢 ဝုန်းကထိန်လှည့်လို့လာ…..
 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...