Friday 2 June 2023

သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ


 သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ ဇွန် ၂ 


မွန်ပြည်နယ်၊ သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါအဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။ 


ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဒုရဲမှူး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း၊ စစ်တပ်နှင့် BGF ဘက်မှလည်း စစ်ကူလာသော စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးမိုးမင်း အပါအဝင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။ 


သထုံဒူးရင်းဆိပ်တိုက်ပွဲတွင် စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူတချို့ကို နာမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး ယင်းတို့ထဲတွင် 

(၁) ဒုရဲမှူးသီဟဇော်ရတဖ၂၂

(၂) ရဲတပ်ကြပ်စိုးညွန့်ဝင်း ။

(၃) ရတပ်သားကျော်ရဲအောင် ။

(၄) ရတပ်သား ချစ်သူ ။

(၅) ရဲတပ်ကြပ်အောင်ရဲနိုင်။ ။

(၆)ရတပ်သားခွန်ဥက္ကာစိုး။ ။

(၇)ဗိုလ်ကြီးမိုးမင်း တပ်မ ၂၂ အပါအဝင် ၂၀ ကျော် ထက်မနည်းသေဆုံးကြောင်း သိရှိရသည်။ 


ထို့ပြင် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိရာတွင်- 

(၁)G3 ၂ လက်၊ ကျည်၂၁၀တောင့်၊ ကျည်ပေါက်၃ခု

(၂)MA3 ၁ လက်၊ ကျည်ပေါက် ၂ခု

(၃) 9MM ပစ္စတို ၁ လက်

(၄)စက်သေနတ် ၁ လက်၊ ကျည်ပေါက်၂ခု

(၅)ဖုန်း၂လုံး

(၆)AKကျည်၃၁၀တောင့် အပါအဝင် လက်နက်ခဲယမ်းနှင့်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 


နှစ်ဖက်တိုက်ပွဲတွင်း ကျည်ဆန်ထိမှန်၍ သေဆုံးသော အရပ်သားတချို့ရှိခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် သေဆုံးမှုစာရင်းကို မည်သည့်အဖွဲ့ကမှ အတည်ပြု ထုတ်ပြန်ခြင်းမပြုသေးပေ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...