Tuesday 13 June 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 

ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 

ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...