Tuesday, 13 June 2023

NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


 NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ကြေညာပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာကမှ ပြန်လွတ်လာခဲ့တာပါ။


သူနဲ့အတူ အမှုတွဲတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာ‌ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့‌နောက်ဆုံးရသတင်းများစုစည်းတင်ဆက်မှု

https://www.bbc.com/burmese/articles/cyxgwwekl04o

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...