Tuesday 13 June 2023

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


 ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


ရန်ကုန်၊ဇွန် ၁၃ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းထံသို့ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတိယတပ်ရင်းမှူးအပါအဝင် စစ်သား ၃ ဦး သေဆုံး ပြီး ကျန်စစ်သားများမှာ ထိုင်းဘက်အခြမ်းကို ထွက်ပြေးသွားကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


 ဇွန်လ ၃ ရက်နေ့ ရိက္ခာပို့ရန် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁) က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုတပ်ရင်းမှူး သေဆုံးခဲ့ကြောင်း ၊ယင်းတိုက်ပွဲသည် ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


 အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ကူး၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၅ ဦးဗုံးစထိမှန်ခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း SOF က ပြောသည်။ 


"သွားရောက် တိုက်ခိုက်တာက စစ်ကြောင်း ၁ ရဲ့ အထူးချေမှုန်းရေးတပ်စုပါ"ဟု SOF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...