Tuesday 13 June 2023

သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


 သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


ဧရာဝတီ၊ ဇွန် ၁၃ ၊ ၂၀၂၃


ကယားပြည်နယ်(ကရင်နီပြည်)၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သော တောင်လှစခန်းနှင့် မယ်စဲ့ ရဲစခန်းတို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ကရင်နီဒေသခံ သတင်းရင်းမြစ်တဦးက " တိုက်ပွဲက ဒီနေ့မနက်မှာ ဖြစ်တာပါ။ တောင်လှစခန်းကိုရော၊ မယ်စဲ့ရဲစခန်းကိုရော ကျနော်တို့ဘက်က ရလိုက်တယ်။ စစ်ရေးသတင်းဖြစ်နေတော့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေက ကြေညာပါလိမ့်မယ် " ဟု ဧရာဝတီသို့ အတည်ပြု ပြောသည်။


ယခုတိုက်ပွဲဖြစ်ပွားသော ထိုင်း-မြန်မာ နယ်စပ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ၎င်းတို့၏ ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ဂိတ်စခန်းများနှင့် မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်းများကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဧရိယာအများစုမှာ တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများဖြစ်ကြောင်း ၎င်းက ဆိုသည်။


အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး KNDF ဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


#WhatsHappeningInMyanmar

#RejectMilitaryCoup

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...