Monday 12 June 2023

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ


 မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ 


ရန်ကုန်၊ ဇွန် ၁၂ 


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်(ပျူ)ရွာစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်များနှင့်အတူ ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း Student’s Revilution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဇွန်လ ၈ ရက် နံနက် ၄ နာရီခွဲခန့်က အဆိုပါ ပျူစောထီးစခန်းအား ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (S.R.F)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး Carbine M- 2 သေနတ် ၁ လက်၊ 4.8 ပြောင်းချောသေနတ် ၂ လက်၊ က.ပ.စ ထုတ် ကျည် ထိုး ၁ လက်၊ တူမီး ၂ လက်၊ 4.8 ကျည် ၆၃ တောင့်၊ 0.30 ကျည် ၁၁၄ တောင့်နှင့်အတူ ဖုန်း ၃ လုံး တို့နှင့်အတူ ၄ ဦး အရှင်ဖမ်း မိခဲ့ကြောင်းသိရ သည်။ 


“တိုက်ပွဲက ၂ နာရီကျော်ကြာတယ်၊ တစ်နာရီခွဲလောက်ကြာပြီးတော့ ထွက်ပြေးကြတာ၊ ဆက်ပြီး ခုခံနေတဲ့အထဲက ပျူ ၃ ကောင် သေတာပါဗျ၊ တစ်ကောင်က ထပ်မိတာပါ၊ ဖမ်းမိတဲ့အထဲမှာ တစ်ယောက်က ပြည်သူဖြစ်နေလို့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊ စစ်ကူလာတာ မရှိပါဘူးဗျ၊ ပျူရွာဆိုတော့ အင်အားတော့ မခန့်မှန်းတတ်ဘူး” ဟု Student’s Revilution Force တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။


အရှင်ဖမ်းမိသူ ၄ ဦးမှာ အသက် ၆၅ နှစ်အရွယ် ကံငြိမ်း၊ အသက် ၅၈ နှစ် အရွယ် ပြည့်ဘော် ၊ အသက် ၃၇ နှစ် အရွယ် ဝင်းဦးနှင့် အသက် ၅၇ နှစ်အရွယ် အေးဆွေတို့ဖြစ်ပြီး ပြည်သူတစ်ဦးပါ ဖမ်းမိခဲ့သဖြင့် စစ်ဆေး မေးမြန်းကာ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...