Sunday 4 June 2023

ချောင်းဦးမြို့နယ် လဝကရုံးအနီးရှိ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး G-3 သေနတ် ၄ လက် သိမ်းဆည်းရရှိ


 ချောင်းဦးမြို့နယ် လဝကရုံးအနီးရှိ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး G-3 သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၄


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လဝကရုံး အနီးရှိ အကြမ်းဖက် စစ်တပ်ကို ချောင်းဦး PDF က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးက သေနတ် ၄ လက် သိမ်ဆည်းရရှိခဲ့ကြောင်း NUG အစိုးရ၏ သတင်းဌာန PVTV က ထုတ်ပြန်ထားသည်။ 


ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာခရိုင် ချောင်းဦးမြို့နယ် လဝကရုံး အနီးရှိ အကြမ်းဖက် စစ်တပ်၏ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း ၈ မှ ရဲဘော် ဝင်းကျော်သူ ဦးဆောင်သည့် ရဲဘော်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ထို့ပြင် သေဆုံးသွားသော စစ်သား ၄ ဦးထံမှ G-3 သေနတ် ၄ လက်၊ ကျည်ဘောက် ၄ ခုနှင့် ကျည် ၄၉ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...