Sunday 4 June 2023

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး


 မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၄ 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ဇွန်လ ၃ ရက်နေ့ ၊ ဟိုပင်မြို့ ရဲတပ်ကြပ် နယ်ထိန်း ဝင်းကိုကိုသည် ဘိန်းခန်းများထံမှ ဆက်ကြေးကောက်ခံကြောင်း၊ ယင်းသို့ ဆက်ကြေးတောာင်းခံ၍ ပြန်လာစဉ် မြောက်ပိုင်းဝံပုလွေ‌ ပြောက်ကျား အဖွဲ့နှင့် မိုးကောင်းမြို့နယ် KPDF တို့က အပြန်လမ်းတွင် စောင့်ကြို ဖမ်းဆီးခဲ့ကြောင်း၊ ရဲတပ်ကြပ်ဝင်းကိုကိုသည် KPDF အဖွဲ့ထံမှ လက်နက်ကို လု ယူ ထွက်ပြေး၍ ပစ်ခတ်ခံရကြောင်း ၊ ယင်းသို့ ပစ်ခတ်ခံရသဖြင့် ရဲတပ်ကြပ် ဝင်းကိုကိုမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


"ဖမ်းဆီးခံရပြီး ရဲတပ်ကြပ် ဝင်းကိုကိုက သေနတ်လုယူ ထွက်ပြေးလို့ ပစ်ခတ်ခံရတာမှာ ပွဲချင်းပြီး သေဆုံးပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 


ရဲတပ်ကြပ် ဝင်းကိုကို ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်ဆေးရေးဂိတ်တွင် လူငယ်များကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကျပ်သဖြင့် လူငယ်များ သတိထားသွားလာကြရန် တော်လှန်ရေး သတင်းရင်းမြစ်က သတိပေးသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...