Saturday 3 June 2023

KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူအညီနှင့် ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့် တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်


 KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူအညီနှင့်  ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့်  တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်


ရန်ကုန်| မေ ၃၁

 

KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူ အညီ နှင့်  ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့်  တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောဆိုလိုက်သည်။ 


ယနေ့ မေ ၃၁ ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့်၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်းဖော်ပြ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 


"မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြတဲ့ မြန်မာနိုင်ငံ အမှန်တရားနဲ့တရားမျှတသောမျိုးသားပါတီ/မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ထံကနေ လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူအညီများကို ရရှိခဲ့ပါတယ်။သည်အကူအညီများကြောင့် KNDF ဟာ တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ စစ်ရေး နိုင်ငံရေးမှာ ခိုင်မာတဲ့လမ်းကြောင်း ပေါ်လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပါတယ်"ဟုKNDF ဥက္ကဋ္ဌ  ခွန်းဘီထူးက ပြောသည်။


ထို့ပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် ၂နှစ်တာ ကာလအတွင်း တော်လှန်ရေး အဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သလို ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNU/KNLA ၏ စစ်သင်တန်းများနှင့် စစ်ရေးနည်းနာများစွာလည်း သင်ယူခွင့်ရရှိခဲ့ကြောင်း KNDF က ဆိုသည်။ 

 

ယနေ့ မေ ၃၁ ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့်တွင် AA ပါဝင်သည့် မဟာမိတ် သုံးဖွဲ့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ NUG - ကာကွယ်ရေး ဝန်ကြီးဌာန အသီးသီးက ချီးကျူးဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ကြသည်။ 


မြန်မာစစ်တပ်မှ မတရားသဖြင့် အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သည် ကရင်နီလယငယ်မျိုးဆက်သစ်၊ သွေးသစ်လူငယ်များဖြင့် အပြောင်မြောက်ဆုံးရေးထိုးနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ပါဝင်သည့် ညီနောင်မဟာမိတ်များက ချီးကျူးဂုဏ်ပြု သဝဏ်လွှာပေးပို့ကြသည်။ 


ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၏ မြန်မာစစ်တပ် သို့မဟုတ် စစ်ကောင်စီအဖွဲ့ သို့မဟုတ် စစ်အာဏာရှင်များနှင့် လူမျိုးကြီးဝါဒကို ဆန့်ကျင်တိုက်ခိုက်ပြီး ကရင်လူမျိုးတို့ ကိုယ်ပြဌာန်းခွင့်ရရှိရေးကို တော်လှန်ရေးဖြင့် ကြိုးစားနေသော ၂ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်၍ ညီနောင်မဟာမိတ်များက ယနေ့တွင် ဂုဏ်ပြုကြခြင်းဖြစ်သည်။ 


KNDF သည် ကရင်လူမျိုးများနှင့် ၎င်းတို့ဒေသရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်းတို့အား ကာကွယ်စောင့်ရှောက်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်နိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် ကရင်နီလူမျိုးများနှင့် စုဖွဲ့ထားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 


တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ‌ချွေး၊ ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရသော ကရင်နီလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များကို လေးနက်စွာတန်ဖိုးထား ဂုဏ်ပြုကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ဆိုသည်။ 


ဓာတ်ပုံ- KNDF ရဲဘော်တစ်ဦး။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...