Saturday 3 June 2023

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ


 စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

=======

 ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံ သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံကြောင်း PDF-Zoland မှ တာဝန်ရှိသူတစ်ဦးမှ သိရသည်။ 


ထွက်ပြေးတိမ်းရှောင်သူမှာ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ၂၆၉ မှ တပ်သား ဖြစ်ပြီး MA-1 တစ်လက်နှင့် ကျည်အိမ် ၄ ခု၊ ကျည် ၂၆၀ ကျော်နဲ့ထွက်ပြေးလာတာဖြစ်ပြီး ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ကြောင်း သိရသည်။ 


ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ မှာ တွန်းဇံမြို့မှာ တာဝန်ကျတဲ့ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ ထွက်ပြေးလာတဲ့ တပ်သားလမင်းအောင် (ကိုယ်ပိုင်အမှတ် တ-၅၇၃၉၅၀) နှင့် တပ်သား မျိူးချစ် (ကိုယ်ပိုင်အမှတ် တ-၅၇၂၂၃၅) တို့ PDF-Zoland မှ ဖမ်းဆီးပြီး လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

1 comment:

  1. လနတွေပါလာတဲ့အတွက် ဝမ်းသာကြိုဆိုပါတယ်

    ReplyDelete

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...