Monday, 5 June 2023
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်
■ မြို့ပြ စစ်ဆင်ရေးများနှင့်အတူ Lion Battalion ဗျူဟာစစ်ကြောင်း ပြန်လာပြီဟုဆို
ရန်ကုန်၊ ဇွန် ၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီယန္တရား ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့ပြ စစ်ဆင်ရေးများနှင့်အတူ Lion Battalion ပြန်လာပြီဖြစ်ကြောင်း အဆိုပါ စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ ခလရ၂၈၄ ၊ ၂၈၃ ၊ ၃၂တပ်များအခြေပြု ခံစစ်ပြင်ထားသော ကြာအင်းဆိပ်ပြီး မြို့ပေါ် ရှိသစ်တောရုံး၊ လဝကရုံး၊ မြေတိုင်းရုံး၊ မြို့နယ်ရဲစခန်းများကို မြို့ပြစစ်ဆင်ရေးတစ်ရပ်အဖြစ်ဖော်ဆောင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်က အထိနာသဖြင့် Mi35 တိုက်ခိုက်ရေး ရက်ဟတ်ယာဥ်ဖြင့် နံနက်၇နာရီ၁၅ မိနစ်ခန့်မှနံနက် ၈ နာရီ ၁၀ မိနစ် အထိ ပစ်ခတ်ရာ သံဃာ တစ်ပါးနှင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ရကြောင်း ၊ စစ်တပ်က အရပ်သားပြည်သူများကို ရမ်းသန်းပစ်ခတ် ရုံသာမက သာသနိကအဆောက်အုံများကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
"မြို့ပြ စစ်ဆင်ရေး ပိုပြီး ဦးစားပေး ဖော်ဆောင်တာပေါ့။ သတင်းတွေ အများကြီး မထုတ်ဖြစ်တာက မစ်ရှင်ကောင်း ကောင်း လုပ်ချင်လို့ သိုသိုသိပ်သိပ်လုပ်ဆောင်နေတယ်။ ဇွန်လ ၂ ရက်နေ့က မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ကြာအင်းဆိပ်ကြီး ကို ဝင်ရောက်ပြီး မီးရှို့ စီးနင်း တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ Lion Battalion စစ်ကြောင်းက မြို့ပြ စစ်ဆင်ရေးတွေနဲ့အတူ ပြန်လာပါပြီ" ဟု ရဲဘော် အညာသားက ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ နိုင်ပကောင်း၊ဟန်နွေ /People's Spring ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စ...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment