Monday 5 June 2023

ရန်ကုန်မြို့လယ်၊ စစ်ကောင်စီလက်အောက်ခံ ပန်းဆိုးတန်းလမ်းရှိ အခွန်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အခွန်ဦးစီးမှူး ၊ Non-CDM ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ


ရန်ကုန်မြို့လယ်၊ စစ်ကောင်စီလက်အောက်ခံ ပန်းဆိုးတန်းလမ်းရှိ အခွန်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အခွန်ဦးစီးမှူး ၊ Non-CDM ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ 


ရန်ကုန်၊ ဇွန် ၅ 


ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပန်းဆိုးတန်း အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ 


ဇွန်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ဦးစီးမှူးရုံး ၃ လွှာကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခွန်ဦးစီးမှူး အပါအဝင် လူ ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


ဗုံးပေါက်ကွဲမှုကြောင့် အခွန်ဌာနဝန်ထမ်းဖြစ်ကြသည့် အခွန်ဒုဦးစီးမှူး ဖြိုးဖြိုးအောင် (ဒုဦးစီးမှူး) အပါအဝင် ဝန်ထမ်း ၃ ဦး ၊ အခွန်ရုံးသို့ လာရောက်သည့် လူ ၂ ဦး စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


"ဗုံးစတွေမှန်တာပါ။ စိုးရိမ်စရာတော့မရှိပါဘူး။ ဒဏ်ရာပြင်းသူတစ်ဦးပါတယ်။ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူး။ ကျန်သူတွေကတော့ အပေါ်ယံ ထိတာတွေ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 


အခွန်ရုံးကို တိုက်ခိုက်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...