Tuesday 6 June 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး


Latest News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး


■ စစ်တပ်၏ လက်နက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၆ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း‌ ဖြစ်ပွားသော နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်၂ စစ်ဒေသ ၏ ဒုတိယ စစ်ဒေသခွဲမှူး တင်ဦးက ပြောဆိုသည်။ 


"မနက် ၄ နာရီမှာ စတိုက်တယ်။ အဓိကရည်ရွယ်ချက်က စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့ လမ်း ကြောင်းရဲ့ အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။ စစ်ဆင်ရေးအကောင် အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း တံတားအရှေ့ကင်း အနောက်ကင်း ရေတွင်းကုန်းရွားနား နှင့် ဘုံသတော ရွာနား စတဲ့ ပစ်မှတ် ၅ခုကို တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူ့ဘက်က စုစုပေါင်း ၃၀ ဝန်းကျင် ကျပါတယ်။ မိမိဘက်မှ ၄ ဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်စွန့်သွားခဲ့ရပါတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက် နက် ကြီး နဲ့မြို့ထဲကို တောက်လျောက် ပစ်ခတ်နေပါတယ်။ အခုညပိုင်းထိကို ပစ်ခတ်နေတဲ့အတွက် အတွက် စစ်ရှောင်တွေလည်း များနေပါတယ်။ မူလရည်မှတ်ချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်နိုင်ခဲ့တယ်" ဟု အမှတ်၂ စစ်ဒေသ ၏ ဒုတိယ စစ်ဒေသခွဲမှူး တင်ဦးက ပြောဆိုသည်။ 


စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးသည့်အပြင် သိမ်း ဆည်းရမိသော လက်နက်ခဲယမ်းများ အနေဖြင့်


၁.MA 14 တစ်လက်

၂.MA 3 တစ်လက်

၃.MA 1 တစ်လက်

၄.MA ကျည် ၃၈၄ တောင့်

၅.MA ကျည်ဘောက် ၁၀ ခု

၆.M16 .ကျည်ဘောက်တစ်ခု

၇.M14မိုင်း ၆၀ လုံး

၈.ယူနီဖောင်း ၆ စုံ

၉.ကျောပိုးအိတ် ၆ လုံး

၁၀.79 သီး တစ်လုံး

၁၁.မိုင်းရှာစက် ၂စုံ

၁၂.ယမ်းကူ ၁၅ ခု

၁၃.ပိုက်ဆံ ၄၈၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...