Tuesday 6 June 2023

ကိုးကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


 ကိုးကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၆ 


ရှမ်းပြည်နယ်၊ ကိုးကန့်စစ်မြေပြင်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့်အကြမ်း ဖက်စစ်တပ်တို့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း MNDAA ၏ The Kokang က သတင်းထုတ်ပြန်သည်။ 


 ဇွန်လ ၁ ရက်နေ့ ကိုးကန့် ဒေသတွင် စစ်အင်အား ၇၀ ကျော်ပါသော စစ်တပ်က ကိုးကန့် MNDAA၏ တပ်မဟာ ၅၁၁ ကို လာရောက် တိုက်ခိုက်ကြောင်း၊ ဇွန်လ ၄ ရက်န့်မှ ဇွန်လ ၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ကား ၁ စီးပျက်စီးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်တပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။ 


ဇွန်လ ၅ ရက် နေ့တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဖျက်ဆီးခဲ့ပြီး ၁၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ MNDAA ကိုးကန့်တပ်ဘက်မှလည်း ဒဏ်ရာရသူများရှိကြောင်း၊ ဇွန်လ ၅ ရက်နေ့ လားရှိုးတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် စက်သေနတ်ကျည် ၂၃၀ တောင့်၊ လက် နက် ကြီး ၃ လုံး၊ မိုင်း ၁ လုံးအပါအဝင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်း အများအပြား ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...