Tuesday 6 June 2023

ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့


 ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့


ရန်ကုန်၊ ဇွန် ၆


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်း ဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။


” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတော်များတယ်။ ဘုရားဆင်းတုတော်တွေကိုပါ ရိုက်ချိုးသွားတယ် စစ်တပ်က ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။


ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...