Friday, 7 July 2023
ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး
ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း One Star Task Force – OSTF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် ကျော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် အနီးသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ရဲများက စက်လက်များဖြင့် ရမ်းသမ်းပြန်လည် ပစ်ခတ် ခဲ့ပြီး ဆက်လက်တိုက်ခိုက်နိုင်ရန် ကျည်မရှိတော့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။
“ရဲစခန်းအနား ပေ ၂၀၀ လောက်အထိ အနီးကပ်သွားတိုက်ခိုက်ခဲ့တာပါ၊ ရဲခွေးတစ်ကောက်သေတယ် ဆိုတာ ဖရဲသီးဆီက အတည်ပြုချက်ရပါတယ်၊ ဆက်ပစ်ဖို့ကျည်မရှိတော့လို့ ပြန်ဆုတ်ခဲ့ရတာ၊ ပြန်ပစ် တာမှ စက်လက် ၂ လက်နဲ့ ပြန်ပစ်တာ တရစပ်ပဲ၊ ကျနော်တို့မှာက လက်နက်က ငှားပစ်ရတာဗျ၊ ပစ် စရာကျည်ဖူးလေးရတော့ မဟာမိတ်အဖွဲ့ဆီက လက်နက်ငှားပြီး သွားပစ်ခဲ့တာ၊ ကျနော်တို့အဖွဲ့မှာက မိဘပြည်သူတွေရဲ့ အကူအညီအများကြီးလိုအပ်နေပါတယ်” ဟု One Star Task Force – OSTF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် ကျော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို One Star Task Force – OSTF တပ်ဖွဲ့နှင့် တစ်ကိုယ်တော် သုဘရာဇာ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်၊ ခဲယမ်းပစ္စည်းများ လိုအပ်ချက်ရှိနေသဖြင့် မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment