Saturday 12 August 2023

စစ်ရေးအသာရနေမှုကို ဝါရင့်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ ထုတ်ပြော


 စစ်ရေးအသာရနေမှုကို ဝါရင့်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ ထုတ်ပြော

------------

နိုင်ငံရေးတွင် ကာလရှည် ဗိုလ်ကျစိုးမိုးနေသည့် စစ်တပ်မှာ နိုင်ငံအနှံ့ တော်လှန်မှုများကြောင့် ခံစစ်ဖြစ်နေပြီ၊ ကျဆုံးချိန် နီးပြီဟု ကချင်နှင့် ကရင် တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။


မြန်မာပြည်မြောက်ပိုင်းအခြေစိုက် နှစ် ၆၀ ကျော် သက်တမ်းရှိသည့် သမ္ဘာရင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် တောင်ပိုင်းအခြေစိုက် နှစ် ၇၀ ကျော် တော်လှန်ရေးအတွေ့အကြုံရှိသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။


“ပြည်သူတွေ အကုန်လုံး ခွန်အားစိုက် ကြိုးစားရင် အချိန်တိုအတွင်း အောင်မြင်နိုင်မယ်ဖြစ်တယ်။ စစ်ကောင်စီကလည်း နေ့စဉ်နဲ့အမျှ ကျဆုံးလာပြီ ဖြစ်တဲ့အတွက် အမျိုးသားရေးအောင်မြင်ပန်းတိုင်ကို ရောက်တော့မယ်” ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့ (ဩဂုတ် ၁၀) တွင် ကျရောက်သည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။


KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောကလည်း နိုင်ငံအလယ်ပိုင်း နေပြည်တော်အနီး ပဲခူးရိုးမမှသည် တောင်ပိုင်း တနင်္သာရီအထိ စစ်ရေးလှုပ်ရှားနိုင်နေပြီဟု အွန်လိုင်းမှတစ်ဆင့် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။


စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်မှစ၍ မြေပြင်တပ်များ အင်အားဖြည့်တင်းမှု၊ လှုပ်ရှားမှုအရှိန်အဟုန် ယခင်ထက် လျော့ကျလာပြီး ခံစစ်အသွင် ပြောင်းလာကာ လေကြောင်းတိုက်ခိုက်မှုကိုသာ အားကိုးနေရပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။


သတင်းအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/40615/


#MyanmarNow #MyanmarNews #myanmarnewstoday #Kia #KNU #EAO

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...