Wednesday 16 August 2023

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်စဉ် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်စဉ် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၁၆


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်တွင် ယမန်နေ့ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်း မြစ်တချို့ထံမှ သိရှိရသည်။


ဩဂုတ် ၁၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် KNLA နှင့် PDF တပ်များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က အပြင်း အထန် ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ၊ ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း၊ မဲဆောက်မြို့မှပင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


"မနေ့က တိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးမှုများပြားတယ်။ လက် နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့ တွေဘက် ကလည်း ၂ ဦးကျဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရ သူတွေ လည်းရှိတယ်" ဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။ 


မြ၀တီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အရေးပါသည့် လက်ခတ်တောင် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့ချိန်မှစတင်၍ သြဂုတ်လ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လက်ခက်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ် ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁၇ ဦး သေဆုံး ကာ ၃၄ ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...